တူအီးဘူကမေဲ;ခြိုးဒဲ;လိုည်းကတာည်းကော,ခလိုး
Showing posts with label ဒဿနမဟုတ်သောဒဿနများ. Show all posts
Showing posts with label ဒဿနမဟုတ်သောဒဿနများ. Show all posts

Friday, January 7, 2011

ဘာကြောင့်စိတ်အားငယ်နေတာလဲ

သင့်မှာ ဘာမှဆိုဖန်တီးရယူနိုင်တဲ့စွမ်းအားတွေ ရှိတယ်ဆိုတာ လက်ခံလိုက်စမ်းပါ။
သူတပါးတွေ အရိုးကြေကြေ အရေခန်းခန်းကြိုးစားနေတဲ့အချိန်မှာ သင်တစ်ယောက် ဘာကြောင့်
အားငယ်စိတ်တွေမွေးပြီး မိမိကိုယ်ကို နှိပ်စက်နေတာလဲ၊
အဲဒီလို အားငယ်နေတာကို သင့်ကျေးဇူးရှင်မိဘနှစ်ပါးကသာ သိခဲ့လျှင် ဘယ်လောက်များ အားငယ်နေရမလဲ၊
ဘယ်မိဘမဆို ကိုယ့်သားသ္မီး စိတ်အားတက်ကြွ လန်းဆန်းနေတာကိုဘဲ မြင်ချင်တယ် မဟုတ်ပါလား။
အမှန်တော့ အားငယ်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ မွဲတေမှု ခံစားနေတာပါ။

လောကကြီးပေးတဲ့ တိုးတက်ရေးလမ်းညွှန်{ဆိုင်နောဂျား}ရှမ်းပြည်

တိုးတက်လိုသောပုဂ္ဂိုလ်တစ်ဦးသည်
၁။ ကောင်းကင်ကြီးလို အမြဲတမ်း ကြည်လင်နေရမည်။
၂။ နေမင်းကြီးလို နေ့စဉ်နေ့တိုင်းတောက်ပနေရမည်။
၃။ လမင်းကြီးလိုအမြဲအေးမြနေရမည်။
၎။ ကြယ်တွေလို စုပေါင်းပြီး ညီညွတ်စွာ အလုပ်လုပ်ကြရမည်။
၅။ မြေကြီးလို လောကအကျိုးထမ်းဆောင်ရမည်။
၆။ မြစ်တွေလို အမြဲတမ်း စီးဆင်းလှုပ်ရှားနေရမည်။
၇။ လေလိုအမြဲတမ်းတိုက်ခတ်နေရမည်။ 
၈။ မီးလို အမြဲတမ်းရဲရင့်နေရမည်။
၉။ သစ်ပင်တွေလိုအမြဲတမ်း စိမ်းစိုကြီးထွားလာရမည်။
၁၀။ ရာသီဥတုလို အမြဲတမ်း ပြောင်းလဲနေရမည်။

Wednesday, January 5, 2011

သင်စိတ်ညစ်သောအခါ

        သင်စိတ်ညစ်သောအခါ အောက်ပါပုဂ္ဂိုလ်တို့ကို မေတ္တာပို့ပေးပါ။ ဆိုင်နောဂျား{ရှမ်းပြည်}
၁။ တစ်သက်ကျွန်း အကျဉ်းချခံနေရသောသူတို့သည် လျှင်မြန်စွာ လွတ်မြောက်ခွင့်ရပါစေသတည်း။
၂။ အကျဉ်းထောင်၌ အညှဉ်းဆဲခံနေရသောသူတို့သည် လျှင်မြန်စွာ လွတ်မြောက်ခွင့် ရပါစေသတည်း။
၃။ကြိုးမိန့်ချခံရသောသူတို့သည် သက်ဆိုင်သူတို့ဧ။် ကြင်နာမှုကို ရပါစေသတည်း။
၎။ မျက်စိအလင်းမရသောသူတို့သည် ကံကောင်းထောက်မပြီး မျက်စိအလင်းရကြပါစေသတည်း။
၅။ နားမကြားသောသူတို့သည် ကံကောင်းထောက်မပြီး နားကြားနိုင်ကြပါစေသတည်း။
၆။ စကားမပြောနိုင်သောသူတို့သည် ကံကောင်းထောက်မပြီး စကားပြောနိုင်ပါစေသတည်း။
၇။ ASDS ရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ရောဂါ စသော ရောဂါဆိုးများတို့ဧ။် နှိပ်စက်မှုကို ခံစားနေရသော သူတို့သည် လျှင်မြန်စွာ ရောဂါများမှ လွတ်မြောက်နိုင်ပါစေသတည်း။
၈။ ကိုယ့်အသက်မကချစ်ရသောချစ်သူနှင့် ခွဲခွါရသောသူတို့သည် ပြန်ပေါင်းနိုင်ကြပါစေသတည်း။
၉။ အကြောင်းကြောင်းကြောင့် မိမိဧ။်ချစ်သား/သ္မီးများနှင့်ခွဲခွါဝေးကွာနေရသောမိဘများသည်လျှင်မြန်စွာ မိမိတို့ဧ။် ချစ်သား/သ္မီးများနှင့် ပြန်ဆုံကြပါစေသတည်း။
၁၀။ မိမိတို့ဧ။် အချစ်ဆုံးမိဘတို့နှင့်ဝေးကွာနေရသောသား/သ္မီး လျှင်မြန်စွာ ပြန်ပေါင်းနိုင်ကြပါစေသတည်း။
၁၁။  ရန်သူငါးမျိုးဖြစ်သော မီး ရေ လေ မင်းဆိုး သားသ္မီးဆိုးဘေးနှင့် ရင်ဆိုင်နေရသော သူတို့သည်         ထိုဘေးတို့မှ လျှင်မြန်စွာ လွတ်မြောက်ပါစေသတည်း။
၁၃။ လွတ်မြောက်ပါစေသတည်း အစာရှားပါးဘေး ဒုက်ဓားလက်နက်အဆိပ်ဘေး အနာရောဂါဘေး နှိပ်စက်ခံနေရသော သူတို့သည် ထိုဘေးတို့မှ လျှင်မြန်စွာ လွတ်မြောက်ပါစေသတည်း။
၁၄။ ရာဇ၀တ်မှုသံသရာ လည်နေရသောသူတို့သည် ထိုသံသရာမှ လွတ်မြောက်ပါစေသတည်း။
၁၅။ လူမဆန်စွာဖိနှိပ်ခံနေရသောသူတို့သည် လျှင်မြန်စွာ လွတ်မြောက်ခွင့် ရကြပါစေသတည်း။
၁၆။ အသက်အန္တရာယ် ရင်ဆိုင်နေရသောသူတို့သည် ထိုအန္တရာယ်မှ လွတ်မြောက်နိုင်ပါစေသတည်း။
၁၇။ လာဘဆုံးရှုံးမှု သက္ကာရ ဆုံးရှုံးမှု သိလောက ဆုံးရှုံးမှု ရင်ဆိုင်နေရသော သူတို့သည် လျှင်မြန်စွာ
 တရားသဖြင့် ပြန်ရကြပါစေသတည်း။
၁၈။ မိမိကိုယ်ကို ကြိုးဆွဲချ သေရလောက်အောင် စိတ်ညစ်နေသောသူတို့သည် လျှင်မြန်စွာ ထိုဘေးမှ လွတ်မြောက်ပါစေသတည်း။
၁၉။ ကြီးမားစွာ အထင်လွဲခံ အစွပ်စွဲခံရသောသူတို့သည် ထိုဘေးမှ လျှင်မြန်စွာ လွတ်မြောက်ပါစေသတည်း။
၂၀။ မိမိအချစ်ဆုံးသောပုဂ္ဂိုလ်တို့ကို လက်လွှတ်ရသဖြင့် ပူဆွေး သောကရောက်နေသော သူတို့သည် လျှင်မြန်စွာ အစားထိုးမှု ပြန်ရပါစေသတည်း။
၂၁။ စားဝတ်နေရးဘေးဆိုးတို့နှင့် ရင်ဆိုင်နေသောသူတို့သည် ထိုဘေးဆိုးတို့မှ လွတ်မြောက်ပါစေသတည်း။
၂၂။ ကိုယ်အင်္ဂါ လက္ခဏာ ချို့တဲ့ကုန်သောသူတို့သည် လျှင်မြန်စွာ အထောက်ပံ့ကြီးရလျှက် မိမိတို့ဆန္ဒ အတိုင်း ဘ၀ကို တည်ဆောက်နိုင်ကြပါစေသတည်း။
၂၃။ ဘ၀ဆုံးရှုံးရမည့်ကိန်းဆိုက်နေကြသောသူတို့သည် ကယ်တင်ရှင်တို့နှင့် တွေ့နိုင်ကြပါစေသတည်း။
၂၄။ အပါယ်လေးပါးဘေးတို့နှင့် ရင်ဆိုင်နေရသောသူတို့သည် ထိုဘေးတို့မှ လွတ်မြောက်နိုင်ကြပါစေ သတည်း။
အထက်ပါအတိုင်းမေတ္တာပို့ပြီးနောက် သင်လောက်မက ဒုက္ခရောက်နေသောပုဂ္ဂိုလ်တို့ကို ကိုယ်ချင်းစာယင်း
သင်စိတ်ညစ်မှု ပူဆွေးသောကရောက်မှု စိတ်ဆင်းရဲမှု တို့သည် ပျောက်ကင်းလျှောကြပါစေသည်း။