တူအီးဘူကမေဲ;ခြိုးဒဲ;လိုည်းကတာည်းကော,ခလိုး

Thursday, December 30, 2010

ဆိုင်နောဂျားရဲ့ ဘ၀လမ်းညွှန်ဒဿနများ

ဆိုင်နောဂျားရဲ့ ဘ၀ လမ်းညွှန် ဒဿနများ
၁။အဆိုးလောကဓံတွေကို အကောင်းမြင်ဝါဒနဲ့ ခံယူခံစားခြင်းဖြင့် ၄င်းတို့ကို စိန်ခေါ်နိုင်ပါတယ်။
၂။ပညာရှိတွေက သင့်ကိုစာအုပ်ထဲရှိ ပညာကိုသင်ပေးပြီး လူမိုက်တွေက စာအုပ်ထဲမှာ မပါတဲ့ပညာတွေကို သင်ပေးတယ်။
၃။ရချင်တာတွေ မရနိုင်ပေမဲ့ ရသင့်တာတွေ ရနိုင်လျှင် ကျေနပ်သင့်ပါပြီ။
၎။လူတွေက ပိုက်ဆံသည် အရာရာကို ဖန်တီးနိုင်ဧ။် လို့ ဆိုတဲ့အချိန်မှာ ကျနော်က
အရာရာတိုင်းသည် ပိုက်ဆံကို ဖန်တီးနိုင်ဧ။် လို့ ဆိုချင်တယ်။
၅။အမှားဝန်ခံလို့ အထင်သေးခံရတာက အမှားဖုံးကွယ်လို့ အထင်သေးခံတာထက် ပိုမြတ်ပါတယ်။
၆။အမှားတစ်ခု အကြောင်းပြုပြီး အမှားများစွာ ရှောင်ကြဉ်နိုင်ခဲ့လျှင် အဲဒီ အမှားဟာ
သင်အတွက် အဖိုးတန် ပတ္တမြားပါ။
၇။သင့်ရဲ့ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့ လက်ဝှေ့ထိုးမည့်နေ့ကို စောင့်နေယင်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး ကံကောင်းခြင်း အနိုင်ရအောင်ဆုတောင်းနေပါ။
၈။တစ်ခုခုကိုလုပ်လျှင် အနည်းဆုံးတော့ တစ်ခုခုတော့ ရနိုင်ပါတယ်၊ ဒါပေမယ့်
သင်ယူတတ်မှရတာာပါ။
၉။ ပြဿနာသည် ညည်းညူးရန် မဟုတ်ဘဲ ပညာအစွမ်းပြရန်သာဖြစ်သည်။
၁၀။ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးလိုလိုဟာ ပိုက်ဆံကုန်တဲ့နည်းလမ်းကိုဘဲ ရှာဖွေနေကြတယ်၊ အမှန်ကတော့ ပိုက်ဆံမကုန်တဲ့နည်းလမ်းရှာသင့်တာပေါ့။
၁၁။ စားဝတ်နေရေးတွေဟာ ပြဿနာတွေပဲ သည်ပြဿနာတွေကို ပိုက်ဆံ နည်းနည်း
လေးနဲ့ ဖြေရှင်းနိုင်ဘို့ ကြိုးစားသင့်ပါတယ်။
၁၂။ လောဘ ဒေါသ မောဟ မာန စတဲ့ မီးတွေရဲ့လောင်မြိုက်မှုကိုခံနေသမျှကာလပတ်
လုံး ငြိမ်းချမ်းတဲ့ဘ၀ဆိုတာ စာအုပ်ထဲမှာဘဲ တွေ့ရမှာပါ။
၁၃။ သင်သက်ရှိစဉ်က သင်ကိုဂရုမစိုက်တဲ့သူတွေကို သင်သေမှငိုနေတဲ့သူတွေကို
လွမ်းမနေသင့်ပါ။
၁၄။တစ်စုံတစ်ခုကိုဖြစ်စေ တစ်ဦးတစ်ယောက်ကိုဖြစ်စေ ကြည့်လို့မရယင် မျက်နှာလွှဲ
လိုက်ပါ၊ ကမ္ဘာကျဉ်းတယ်ဆိုပေမဲ့ မျက်နှာလွှဲဘို့လောက်တော့ ကျယ်ပါတယ်။
၁၅။ ကိုယ်ကျင့်သီလကောင်းပြီ သဘောမကောင်းတဲ့ ပုဂ္ဂိုလ်ရှိနိုင်သလို သဘောထား
ကောင်းပြီး ကိုယ့်ကျင့် မကောင်းတာလဲ ရှိနိုင်ပါတယ်။
၁၆။ ကြီးမားသောအရာသည် သေးငယ်သောအရာကို လွှမ်းမိုးနိုင်တာဓမ္မတာပါ၊
ဒါကြောင့် သင့်ဘ၀ကို ဘယ်အရာတွေ လွှမ်းမိုးစေချင်သလဲ။
၁၇။ ကိုယ်ပိုင်လွတ်လပ်မှု ရှာဖွေသောသူတို့သည် နည်းလမ်းတကျ မရှာဖွေလျှင်
အတ္တမာနရဲ့ ချုပ်ချယ်မှုအောက်သို့ အလိုလိုရောက်သွားတတ်ပါတယ်။
၁၈။ ဆွေးနွေးတာက အမှန်တရားကို ရှာဖွေပြီး ငြင်းခုံခြင်းက အမှန်တရားကို ဖုံးလွှမ်း
ထားတယ်။


၁၉။ လူတွေဟာ ဘယ်လောက်ထိ ဂုဏ်ပကာသန မက်မောကြသလဲ ဆိုယင်
ရန်ဖြစ်တာတောင်ဂုဏ်ရှိတဲ့သူတွေနဲ့မှပိုပြီးရန်ဖြစ်ချင်ကြပြီး
ပိုပြီးလဲ အနိုင်လိုချင်ကြတယ်။
၂၀။ အချို့ကပြဿနာဖြေရှင်းယင်း ပြဿနာဖန်တီးနေကြတယ်။
၂၁။ ငွေများစွာဖြုန်းတီးနိုင်တာကို ဂုဏ်ယူနေကြတယ်၊ ဖြစ်သင့်ရဲ့လား။
၂၂။ အ’ မာန် များလျှင် အမှန်နည်းတယ်။
၂၃။ လူတွေဖြစ်ချင်တာတွေ ဖြစ်နေလျင် လောကကြီးပျက်မှာသေချာတယ်။
၂၄။ သင်ကျဉ်းကြပ်တဲ့နေရာရောက်သွားလျှင် မျက်စိမှိတ်လိုက်ပါ အဲဒီနောကက် ကျယ်
လာပါလိမ့်မယ်။
၂၅။ မိမိကကိုယ့်ကိုအထင်မကြီးလျှင် စားလို့မကောင်း အိပ်လို့ မပျော်မဲ့ပုံဘဲ။
၂၆။ သင်အသုံးမကျတဲ့အရာတွေ များများမြင်လေ သင် ပညာနည်းလေလေဘဲ။
၂၇။ ကျနော်တို့အတွက်အသေချာ ကြီးပွါးလာတဲ့ အရာတစ်ခုကတော့ အသက်ပါဘဲ။
၂၈။ သင်လောကကြီးကို ပြောင်းလဲချင်တာလား မခက်ပါဘူး သူတို့ အပေါ်မှာ ထားရှိတဲ့
သဘောထားပြောင်းလဲ လိုက်ရုံဘဲ။
၂၉။ မရေမတွက်နိုင်တဲ့ ဘ၀သံသရာတွေထဲမှာ ငါ ဘယ်လောက်မှားခဲ့ပြီလဲဆိုတာ
တရားထူးမရသေးတဲ့ အချက်က သက်သေပဲ။
၃၀။ သင်ဆီကတစ်ခုခုတော့ ရချင်ပါတာယ် ဒါပေမဲ့ ဘာမှမရလည်း ပေးဆပ်ရ တာ သက်သာတာပေါ့။

No comments:

Post a Comment