တူအီးဘူကမေဲ;ခြိုးဒဲ;လိုည်းကတာည်းကော,ခလိုး

Thursday, December 30, 2010

ဒဿန မဟုတ်သောဒဿနများ

ပြန်ကျတဲ့ဒဏ်ကို မခံနိုင်လျှင် မခုန်ချင်ပါနဲ့

ထူးထူးခြားခြား မလုပ်လျှင် ထူးခြားတဲ့ အသိဥာဏ်မရနိုင်ပါ ကိုယ့်လူ။

ဒါနမပြုသေးဘဲနဲ့ ဒါနရဲ့ အကျိုးတရားခံစားချင်တာတော့ သဘာဝမကျပါ။

ထောင်မြင်လျှင် ရာစွန့်နိုင်ရမည် သို့မဟုတ်လျှင် ရာနဲ့ဘဲကျေနပ်နေပေါ့။

ထောင်မြင်လျှင် သံဝေဂပွါးသင့်တယ်၊သို့မဟုတ်ပြေးသင့်တယ်။

စိတ်အနစ်နာခံနိုင်လျှင် လူသက်သာတယ်။

လူတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းဖြင့် လူအယောက်တစ်ရာ သို့မဟုတ် တစ်ထောင်ကောင်းစွာဆက်ဆံပြီးသားဖြစ်နိင်သည်။

လူတိုင်းကိုကောင်းမွန်စွာ ဆက်ဆံသင့်ပါတယ် သို့သော်ရွေးပြီးမှပေါင်းသင်းသင့်တယ်။

မာနသာမရှိခဲ့လျှင် ကျနော်အတော်မျက်နှာငယ်ရမဲ့ပုံရှိတယ် ခုတော့မာနနဲ့ဆိုတော့ ကိုယ်ဟာကိုယ်ဟုတ်နေတာပဲ။

အချို့ ပြဿနာတွေဟာ ပြဿနာမဟုတ်ပါ ဒါပေမဲ့ ပြဿနာလို့ယူဆလိုက်တော့ ပြဿနာဖြစ်သွားတယ်။

No comments:

Post a Comment