တူအီးဘူကမေဲ;ခြိုးဒဲ;လိုည်းကတာည်းကော,ခလိုး

Friday, January 7, 2011

လောကကြီးပေးတဲ့ တိုးတက်ရေးလမ်းညွှန်{ဆိုင်နောဂျား}ရှမ်းပြည်

တိုးတက်လိုသောပုဂ္ဂိုလ်တစ်ဦးသည်
၁။ ကောင်းကင်ကြီးလို အမြဲတမ်း ကြည်လင်နေရမည်။
၂။ နေမင်းကြီးလို နေ့စဉ်နေ့တိုင်းတောက်ပနေရမည်။
၃။ လမင်းကြီးလိုအမြဲအေးမြနေရမည်။
၎။ ကြယ်တွေလို စုပေါင်းပြီး ညီညွတ်စွာ အလုပ်လုပ်ကြရမည်။
၅။ မြေကြီးလို လောကအကျိုးထမ်းဆောင်ရမည်။
၆။ မြစ်တွေလို အမြဲတမ်း စီးဆင်းလှုပ်ရှားနေရမည်။
၇။ လေလိုအမြဲတမ်းတိုက်ခတ်နေရမည်။ 
၈။ မီးလို အမြဲတမ်းရဲရင့်နေရမည်။
၉။ သစ်ပင်တွေလိုအမြဲတမ်း စိမ်းစိုကြီးထွားလာရမည်။
၁၀။ ရာသီဥတုလို အမြဲတမ်း ပြောင်းလဲနေရမည်။

Thursday, January 6, 2011

ဆိုင်နောဂျားရဲ့ ရင်တွင်းဖြစ်စကားတိုစကားစများ

၁။ အလကားနေလျှင် အလကားလူဖြစ်မှာဘဲ။
၂။ အဆင့်မြင့်တဲ့လူ ဖြစ်ချင်လျှင် အဆင့်မြင့်တဲ့ အလုပ်ကိုလုပ်ပါ။
၃။ လူတစ်ဦးရဲ့  ကံသုံးမျိုးတွေဟာ သူ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ ပြောပြနေတာပါ။
၎။ သင်မှာအများနဲ့မတူတဲ့ စွမ်းပကားတစ်မျိုးရှိတယ်ဆိုတာ ယုံကြည်ပြီး ဒါကိုထုတ်ပြီး အသုံးချလိုက်စမ်းပါ။
၅။ သင်ခက်ခက်ခဲခဲ ရှာဖွေရရှိထားတဲ့ power တွေကို လွယ်လွယ်နဲ့ဘဲ ဖြုန်းပစ်တော့မှာလား အိုး သိပ်နှမြောစရာ ကောင်းလွန်းတာပေါ့ ကိုယ့်လူ။

Wednesday, January 5, 2011

သင်စိတ်ညစ်သောအခါ

        သင်စိတ်ညစ်သောအခါ အောက်ပါပုဂ္ဂိုလ်တို့ကို မေတ္တာပို့ပေးပါ။ ဆိုင်နောဂျား{ရှမ်းပြည်}
၁။ တစ်သက်ကျွန်း အကျဉ်းချခံနေရသောသူတို့သည် လျှင်မြန်စွာ လွတ်မြောက်ခွင့်ရပါစေသတည်း။
၂။ အကျဉ်းထောင်၌ အညှဉ်းဆဲခံနေရသောသူတို့သည် လျှင်မြန်စွာ လွတ်မြောက်ခွင့် ရပါစေသတည်း။
၃။ကြိုးမိန့်ချခံရသောသူတို့သည် သက်ဆိုင်သူတို့ဧ။် ကြင်နာမှုကို ရပါစေသတည်း။
၎။ မျက်စိအလင်းမရသောသူတို့သည် ကံကောင်းထောက်မပြီး မျက်စိအလင်းရကြပါစေသတည်း။
၅။ နားမကြားသောသူတို့သည် ကံကောင်းထောက်မပြီး နားကြားနိုင်ကြပါစေသတည်း။
၆။ စကားမပြောနိုင်သောသူတို့သည် ကံကောင်းထောက်မပြီး စကားပြောနိုင်ပါစေသတည်း။
၇။ ASDS ရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ရောဂါ စသော ရောဂါဆိုးများတို့ဧ။် နှိပ်စက်မှုကို ခံစားနေရသော သူတို့သည် လျှင်မြန်စွာ ရောဂါများမှ လွတ်မြောက်နိုင်ပါစေသတည်း။
၈။ ကိုယ့်အသက်မကချစ်ရသောချစ်သူနှင့် ခွဲခွါရသောသူတို့သည် ပြန်ပေါင်းနိုင်ကြပါစေသတည်း။
၉။ အကြောင်းကြောင်းကြောင့် မိမိဧ။်ချစ်သား/သ္မီးများနှင့်ခွဲခွါဝေးကွာနေရသောမိဘများသည်လျှင်မြန်စွာ မိမိတို့ဧ။် ချစ်သား/သ္မီးများနှင့် ပြန်ဆုံကြပါစေသတည်း။
၁၀။ မိမိတို့ဧ။် အချစ်ဆုံးမိဘတို့နှင့်ဝေးကွာနေရသောသား/သ္မီး လျှင်မြန်စွာ ပြန်ပေါင်းနိုင်ကြပါစေသတည်း။
၁၁။  ရန်သူငါးမျိုးဖြစ်သော မီး ရေ လေ မင်းဆိုး သားသ္မီးဆိုးဘေးနှင့် ရင်ဆိုင်နေရသော သူတို့သည်         ထိုဘေးတို့မှ လျှင်မြန်စွာ လွတ်မြောက်ပါစေသတည်း။
၁၃။ လွတ်မြောက်ပါစေသတည်း အစာရှားပါးဘေး ဒုက်ဓားလက်နက်အဆိပ်ဘေး အနာရောဂါဘေး နှိပ်စက်ခံနေရသော သူတို့သည် ထိုဘေးတို့မှ လျှင်မြန်စွာ လွတ်မြောက်ပါစေသတည်း။
၁၄။ ရာဇ၀တ်မှုသံသရာ လည်နေရသောသူတို့သည် ထိုသံသရာမှ လွတ်မြောက်ပါစေသတည်း။
၁၅။ လူမဆန်စွာဖိနှိပ်ခံနေရသောသူတို့သည် လျှင်မြန်စွာ လွတ်မြောက်ခွင့် ရကြပါစေသတည်း။
၁၆။ အသက်အန္တရာယ် ရင်ဆိုင်နေရသောသူတို့သည် ထိုအန္တရာယ်မှ လွတ်မြောက်နိုင်ပါစေသတည်း။
၁၇။ လာဘဆုံးရှုံးမှု သက္ကာရ ဆုံးရှုံးမှု သိလောက ဆုံးရှုံးမှု ရင်ဆိုင်နေရသော သူတို့သည် လျှင်မြန်စွာ
 တရားသဖြင့် ပြန်ရကြပါစေသတည်း။
၁၈။ မိမိကိုယ်ကို ကြိုးဆွဲချ သေရလောက်အောင် စိတ်ညစ်နေသောသူတို့သည် လျှင်မြန်စွာ ထိုဘေးမှ လွတ်မြောက်ပါစေသတည်း။
၁၉။ ကြီးမားစွာ အထင်လွဲခံ အစွပ်စွဲခံရသောသူတို့သည် ထိုဘေးမှ လျှင်မြန်စွာ လွတ်မြောက်ပါစေသတည်း။
၂၀။ မိမိအချစ်ဆုံးသောပုဂ္ဂိုလ်တို့ကို လက်လွှတ်ရသဖြင့် ပူဆွေး သောကရောက်နေသော သူတို့သည် လျှင်မြန်စွာ အစားထိုးမှု ပြန်ရပါစေသတည်း။
၂၁။ စားဝတ်နေရးဘေးဆိုးတို့နှင့် ရင်ဆိုင်နေသောသူတို့သည် ထိုဘေးဆိုးတို့မှ လွတ်မြောက်ပါစေသတည်း။
၂၂။ ကိုယ်အင်္ဂါ လက္ခဏာ ချို့တဲ့ကုန်သောသူတို့သည် လျှင်မြန်စွာ အထောက်ပံ့ကြီးရလျှက် မိမိတို့ဆန္ဒ အတိုင်း ဘ၀ကို တည်ဆောက်နိုင်ကြပါစေသတည်း။
၂၃။ ဘ၀ဆုံးရှုံးရမည့်ကိန်းဆိုက်နေကြသောသူတို့သည် ကယ်တင်ရှင်တို့နှင့် တွေ့နိုင်ကြပါစေသတည်း။
၂၄။ အပါယ်လေးပါးဘေးတို့နှင့် ရင်ဆိုင်နေရသောသူတို့သည် ထိုဘေးတို့မှ လွတ်မြောက်နိုင်ကြပါစေ သတည်း။
အထက်ပါအတိုင်းမေတ္တာပို့ပြီးနောက် သင်လောက်မက ဒုက္ခရောက်နေသောပုဂ္ဂိုလ်တို့ကို ကိုယ်ချင်းစာယင်း
သင်စိတ်ညစ်မှု ပူဆွေးသောကရောက်မှု စိတ်ဆင်းရဲမှု တို့သည် ပျောက်ကင်းလျှောကြပါစေသည်း။


Tuesday, January 4, 2011

၎.၁.၂၀၁၁ မြန်မာ့လွတ်လပ်ရေးနေ့ ဂုဏ်ပြု ဒဿနများ

၁။ လွတ်လပ်ရေးဆိုတာ လုပ်ချင်သလိုလုပ်နိုင်ရန်မဟုတ်ဘဲ လုပ်သင့်သလို လုပ်နိုင်ရန်သာဖြစ်သည်
၂။ လွတ်လပ်ရေးရဲ့မီးနင်းကို{liberation from oppression}လို့ ဖွင့်ဆိုနိုင်ပါတယ်။
၃။ လွတ်လပ်ရေးကို အသုံးချတတ်လျှင် ဘ၀ရဲ့အထွတ်ထိပ်ရောက်နိုင်သလို အသုံးမချတတ်လျှင်တော့ အနိမ့်ဆုံးအဆင့်ကို ရောက်သွားနိုင်တယ်။
၎။ လွတ်လပ်ရေးဒါနပြုလျှင် လွတ်လပ်ရေးအကျိုး ရရှိခံစားနိုင်ပါလိမ့်မည်။
၅။ လွတ်လပ်ရေးရဲ့အနက်ကိုမသိသောသူသည် လွတ်လပ်ရေးနှင့်လုံးဝမထိုက်တန်ပါ။
၆။ များသောအားဖြင့် လူတို့သည် လွတ်လပ်ရေးကို ကောင်းစွာ အသုံးမချကြချေ။
၇။ လွတ်လွတ်လပ်လပ် တွေးခေါ် ပြောဆို ပြုမူနိုင်တယ် သို့သော် သူတပါးတို့ကို ထိခိုက်ပျက်စီးစေမယ်ဆိုရင်
လွတ်လပ်ရေးကို ဖျက်စီးရာရောက်တယ်။
၈။ များသောအားဖြင့် တစ်စုံတစ်ခုကို လူတို့သည် မရသေးခင်သာ မက်မောတမ်းတကြတယ် ရပြီးလျှင်
အရေးမထားကြတော့ပါ ထိုကြောင့်…?
၉။ ဘယ်အရာမဆို ကိုယ်နဲ့မထိုက်သေးလျှင် ကိုယ်မရနိုင်သေးပါ ကိုယ်ရချင်လျှင် ကိုယ်နဲ့ထိုက်တန်အောင်
အရင်လုပ်ရမည်၊ ဥပမာ သူဌေးသမီး လိုချင်ယင် ကိုယ်သူဌေးဖြစ်အောင် အရင်လုပ်ရသလိုပါဘဲ။
၁၀။ လွတ်လပ်မှုကို လူမှလိုချင်တာမဟုတ်ပါ သက်ရှိ သက်မဲ့အားလုံး လိုချင်တယ်။
၁၁။ သက်ရှိသက်မဲ့ သတ္တ၀ါအားလုံး လွတ်လပ်စွာ နေနိုင်ကြပါစေ။
၎.၁.၂၀၁၁

ကျော;နှဲအီုဝ်ဒ်ါန်းပ္လါင်{ဆဲင်နောဇား}

ကျော;နှဲအီုဝ်ဒ်ါန်းပ္လါင်
၁။ မ်ာင်မျိုးအာဝ်မို;အီမှေဲမ်ယံဝ့် မည်းစီယံဝ့် မို;လိုည်မည်းမေဲ;နော;ယံဝ့် မည်းစီယံဝ့်အော။
၂။ ဟြင့် ဆ်ာဘူဘိုန်ဂည်ကဆံင့် အာဝ်ဆမားဇားဒေဲ;မအော။
၃။ မည်းကတူ;ကီန်းထန်မှေဲ့ ဆောန်မို;၀ုတ်အကုဆိုလ်မည်း{အကုသိုလ်}ဟံည်ဒို့ထန်
ဇေဲန့် မို;လိုည်ဖါ်;မည်းခူခါစားလိုည်လ်ာရေဲန်း အကုဆိုလ်အော။
၎။ ကဘူးမည်းအူဘောက်,ဒဲ;အန့်ပေန်ဆနမ့်တ်ာမည်းပ်ါဇိုနာ်။
၅။မည်းပ္လေဲဝ်းအီး ဘာည်းလိုည် မည်းဇိုဝ်;အူန်းအီးပ္လေဲဝ်းမည်း ၀ါည်းနိန့်အော။
၆။ ဆ်ာမည်းဆိင်ရဲန်း အီဘူချဲမ့် နော;လှူ;မို;တာ် ကနာ်မ်းဇေ၀် ဒေဲ;ယော်ကျော
မည်းလေဲဝ်းအော။
၇။ ပီုန်တာစာတ်,မည်း ပံင်လိုမည်းတ်ာယံဝ့် မို;လိုည်အကုဆိုလ် အူမျိုးအော၊
ဘိုန်ဒအီဇေဲန့် မမည်းခူအူန်းလ်ာတဂေန်းဒည်းယာဝ်းနာ်။
၈။ မည်းပေန်ဒေဲ;တူအီးအူစာတ်, အာဝ်မို;မလိုည်ပီုန်တာ နံင်ဟိုမ်းဟာ,ဂေါည်းစာမ်
ကာမချမ်းဆာ မို;လိုရေဲန်းနှင့်မည်းဘိုန်းတြား ဘူဘယ်ပေါ့ လ်ာဘိုန်းမာ် နှင့် မည်းဘိုန်း
ဆမဲအန့်အော။
၉။ တေဲ;ကနေဲ;မို;ဒဲ;ဘ္လောမ်း ဒဲ;ဘ္လောမ်းမို;တေဲ;ကနေဲ;အော။
၁၀။ အီုဝ်ဂျီ;အာဝ်မို;မဆိ မို;လိုည်နော;မည်းဂီယံဝ့် ပံင်ဘူလိုမည်းအော။

ဆိုင်နောဂျားရဲ့ရင်တွင်းဖြစ်စကားတိုစကားစများ

ဆိုင်နောဂျားရဲ့ရင်တွင်းဖြစ်စကားတိုစကားစများ
၁။ အစွမ်းကုန်ကြိုးစားပြီး ရနိုင်တာနဲ့ကျေနပ်ပါ။
၂။ ဘယ်တံခါးကိုမဆို သူသော့နဲ့သူဖွင့်လျှင်ရပါတယ်၊ဒါပေမဲ့ အဲဒီသော့တွေ ရရှိပိုင်ဆိုင်ထားဘို့တော့
လိုတာပေါ့။
၃။ သင်မှာအရည်ချင်းတွေ ဘယ်လောက်ပဲပြည့်စုံနေပါစေ သတ္တိဆိုတဲ့ အရည်ချင်းချွတ်ယွင်းခဲ့လျှင်တော့
ကြီးကျယ်တဲ့ အောင်မြင်မှုရဘို့ မလွယ်ကူပါ။
၎။ သင်စိတ်ညစ်နေလျှင် သင်စိတ်ညစ်စရာတွေဘဲ တွေးနေတယ်ဆိုတာ သတိရလိုက်ပါ ပြီးတော့
ပျော်စရာအတွေးနဲ့ မောင်းထုတ်လိုက်ပါ၊ သင်ကိုဒုက္ခကေပးတဲ့အရာကို ဘာကြောင့်တွယ်တာနေတာလဲ။
၅။လောကကြီးမှာနိုင်ပေမဲ့ အရှုံးပေါ်တာရှိသလို ရှုံးပေမဲ့ အမြတ်ရတာလဲရှိပါတယ်။
၆။ဂုဏ်ရှိလျှင် ဂုဏ်ပျောက်ပျက်မှာစိုးရိမ်ရတယ်
ဥစ္စာရှိလျှင် ဥစ္စာပျက်စီးမှာစိုးရိမ်တယ်
အာဏာရှိလျှင် အဏာလျှောမှာ စိုးရိမ်ရတယ်
ကျော်ကျားမှုရှိလျှင် မှေးမှိန်သွားမှာကို စိုးရိမ်တယ်
ဘာမှမရှိတော့ ဘာမှစိုးရိမ်စရာမရှိတော့ဘူး။
၇။ လောကဓံကြောက်လျှင် လောကထဲကို မနေသင့်တော့ဘူး နေခဲ့လျှင်တောင် နေသင့်တဲ့လူ
မဟုတ်လောက်တော့ပါ။
၈။ သင်အမှားတွေက သင်အမှန်တရားရရှိဘို့ မရှိမဖြစ်လိုအပ်သောအရင်းနှီးပဲဆိုတာ
နားလည်လိုက်စမ်းပါ၊ ဒါပေမဲ့ ခဏခဏ အမှားကျူးလွန်နေလျှင် အမှားတွေချည်း
ပြည့်နှက်နေတာတော့ ဘယ်ဖြစ်သင့်မလဲ။
၉။ အနာဂတ် အတွက် စိုးရိမ်တယ်ဆိုတာ ဆင်းရဲကိုကြိုတင်ချေးယူပြီး ခံစားနေတာပါ။
၁၀။ သံဝေဂရစေသော ဆင်းရဲဒုက္ခများသည် ပျားရည်စမ်းခရီးထက် ပိုကောင်းပါသေးတယ်။
၁၁။ မနာလိုသူတွေကင်းမဲ့တဲ့ နေရာကတော့ အမရပူရပြည်မှာဘဲ ရှိတယ်။
၁၂။ အစကတော့ ခြောက်ဆယ်ရာခိုင်နှုန်းပဲရှုံးသေးတယ် မထူးဇာတ်ခင်းလိုက်တော့ တစ်ရာကျော်သွားတယ်။
၁၃။ လူကြမ်းတို့ရဲ့ ရက်စက်မှုကိုခံနိုင်လေ သို့မဟုတတ် ၄င်းတို့ဖန်တီးတဲ့ပြဿနာကို ဖြေရှင်းနိုင်လေ
မင်းသားက အကယ်ဒမီရလေပါဘဲ။
၁၄။ ငါတို့ဟာ တစ်ဦးကိုတစ်ဦး မနာလိုယင်း၊ မကျေနပ်ယင်း၊ နှောင့်ယက်တိုက်ခိုက်ယင်းနဲ့ဘဲ အချိန်ကုန်နေမယ် ဆိုယင် ဘ၀တန်ဘိုးကိုမီးရှို့ပစ်လိုက်တာနဲ့ အတူတူဘဲ။
၁၅။ ဘုရားစတဲ့ သူတော်ကောင်းတွေတောင် ၀ဋ်ကြွေးအကြေဆပ်ပြီးမှ ပရိနိဗ်ဗာန်စံကြတာပါ။
အကြွးဆိုတာဆပ်မှကျေတဲ့အရာပါ၊ ဒါကြောင့်ဝဋ်ကြွေးဆပ်နိုင်တာကို ၀မ်းသာလိုက်စမ်းပါ။
၁၆။ သင်ကိုယ်သင်ထင်မြင်ယုံကြည်တဲ့အတိုင်းပဲ ဖြစ်ဘို့များပါတယ်။
၁၇။ အောင်မြင်မှုရဲ့အရသာခစံစားနိုင်ဘို့ အထူးကြိုးစားရသလို ကျရှုံးမှုရဲ့အရသာကိုလည်းခံစားနိုင်အောင်
အထူးပြင်ဆင်ထားသင့်ပါတယ်။
၁၈။ စိတ်ညစ်ပြီးအပိန်ခံနေမည့်အစား ထမင်းမစားဘဲ အပိန်ခံတာကမှ ကုန်ကျစရိတ်သက်သာနေဦးမည်။
ဆိုလိုတာကစိတ်မညစ်ဘို့ပါ။
၁၉။ ကိုယ်ရှေ့ရောက်လာအောင် မလုပ်နိုင်ယင် သူရှေ့ရောက်အောင်သွားရမှာဘဲ။
၂၀။ သင်အမှားကိုစိန်ကွပ်ချင်ရင် အဲဒီအမှားမျိုးကိုနောက်ထပ်မကျူးလွန်မိအောင် အားထုတ်ရမည်။
၂၁။ လောကဓံဆိုတာ လောကတွေအတွက် အမြဲမှီဝဲနေရမည့်အစာနဲ့ဆေးဝါးလိုပါဘဲ။
၂၂။ သင်နဲ့မထိုက်တန်လျှင်ရလျှင်လည်းပြန်ပျောက်ပျက်မှာဘဲ ဒါကြောင့်မထိုက်တန်လို့ မရတာကို ၀မ်းနည်းမနေပါနဲ့။
၂၃။ ပညာတွေဘယ်လောက်တတ်တတ် ဗဟုဿုတတွေဘယ်လောကများများ အတွေးခေါ်တွေဘယ်လောက်ကောင်းကောင်း အသုံးချသလောက်ပဲ ခံစားရမှာပါ။
၂၄။ မှားတာကို အမှားလို့လက်မခံတာဟာ နောက်ထပ်အမှားကို ကျူးလွန်လိုက်တာပါဘဲ။
၂၆။ ဖြစ်နိုင်ပါလျှက်သားနဲ့ မဖြစ်နိုင်ဘူးလို့ထင်လိုက်တာနဲ့ ဖြစ်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းလျှော့သွားတယ်။
၂၇။ သင်သတ္တ၀ါတစ်ဦး အဖြစ် မွေးဖွါးလာတယ်ဆိုကတည်းက သင်မှားနေပြီ ဒါကြောင့် အမှားကိုကြောက်ပြီး
ဘာမှမလုပ်ဘဲနေလျှင် ဘာမှဖြစ်မလာနိုင်တော့ပါ လုပ်ယင်း မှားခဲ့လျှင်ပြင်ရုံဘဲ ကျန်တာဘာမှလုပ်စရာမလိုပါ။
၂၈။ လောကဓံကို ရင်မဆိုင်ရဲဘဲနဲ့ လောကထဲကို ၀င်မလာပါနဲ့၊ သူတော်ကောင်းတွေ ကရုဏာကမ္မဌာန်း
စီးဖြန်းနေရလို့ မောနေဦးမယ်။
၂၉။ အားငယ်သောစိတ်သည် သင်ကိုသတ်မည့်ရန်သူရဲ့ညီဖြစ်သည်။
၃၀။ အမှားကိုသင်္ခန်းစာယူနိုင်လျှင် အမှားမဟုတ်တော့ပါ။
၃၁။ ငါးယောက်အစုတို့ သူတို့အလုပ်သူတို့လုပ်နေတာကိုကြည့်ပြီး ငါတို့ဝမ်းသာလိုက် ၀မ်းနည်းလိုက်ဖြစ်နေကြတယ်။
၃၂။ မသေခင်မှာ ကျနော်တို့လုပ်ချင်တာတွေ မလုပ်နိုင်လျှင်တောင် လုပ်သင့်တာတွေကိုတော့ လုပ်နိုင်ဘို့ကောင်းပါတယ်။

Saturday, January 1, 2011

ကလျာဏီစေတီ

မြတ်စွာဘုရားရှင်သည်(၈)၀ါမြောက်၌ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်ဝယ် သီတင်းသုံးနေစဉ် မဏိအက္ခိကနဂါးမင်း၏ ပင့်လျှောက်ချက်အရ ကဆုန်လပြည့်နေ့တွင် ရဟန်းငါးရာခြံရံလျက် သီဟိုဋ္ဌ်ကျွန်းသို့ ကြွတော်မူသည်။ နဂါးမင်းသည် ကလျာဏီ အရပ်(ယခုကလျာဏီစေတီ တည်ရှိရာနေရာ)၀ယ် ဆောက်လုပ်အပ်သော ရတနာမဏ္ဍပ်အတွင်း ရတနာပလ္လင်၌ ဘုရားအမှုးရှိသော သံဃာတော်တို့ကို ဆွမ်းကပ်လုပ်ကျွေးသည်။ ဘုရားရှင်သည် ဆွမ်းဘုန်းပေးပြီး၍ နဂါးတို့အား တရားဟောကြားပြီးသောအခါ ကလျာဏီမြစ်အတွင်း၌ ရေချိုးသပ္ပါယ်တော်မူသည်။ ထိုကလျာဏီမြစ်သည် ယခုအချိန်ထိရှိသေး၏။
ရေသပ္ပါယ်ပြီးသောအခါ ကောင်းကင်ခရီးဖြင့် သုမနကူဋတောင်ထိပ်သို့ ကြွတော်မူသည်။ ထိုတောင်နေ သုမနနတ်မင်း၏ တောင်းပန်းချက်အရ တောင်ထိပ်၌ ၀ဲဖက်ခြေတော်ရာ ပဒ-စေတီတစ်ဆူချထားတော်မူလေသည်။ ထို့နောက် ဘုရားရှင်သည် တောင်ခြေရင်း၌ ရဟန်းငါးရာနှင့်အတူ နေ့သန့်နေထိုင်တော်မူပြီး မဟာစေတီတည်မည့်အရပ်ဌာနစသော အရပ်ဌာနတို့၌လည်း နိရောဓသမာပတ်ဝင်စားလျက် ချီးမြောက်တော်မူခဲ့ပေသည်။ ဘုရားရှင်သီတင်းသုံးခဲ့ရာ ရတနာပလ္လင်တော်ကို ဌပနာထားလျက် တည်ထားသော စေတီမှာ ယခုအခါ “ကလျာဏီစေတီ”ဟူ၍ ထင်ရှားလျက်ရှိသည်။ ဤကားဘုရားရှင် သီဟိုဋ္ဌ်ကျွန်းသို့ တတိယအကြိမ် ကြွရောက်တော်မူပုံဖြစ်သည်။
ယာစိတော နာဂရာဇေန၊ သဗ္ဗလောကာနုကမ္မကော။
သမာပဇ္ဇိ ယဟိံနာထော၊ ကာဟံ ၀န္ဒာမိ စေတိယံ။
နာဂရာဇေန၊ မဟောဒရ၊ တေဇထန်ပြင်း၊နဂါးမင်းသည်။ ယာစိတော၊ရိုသေတုပ်ဝပ်၊တောင်းပန်အပ်ထသော၊သဗ္ဗလောကာ နုကမ္ပကော၊ခပ်သိမ်းသတ္တ၀ါ၊ များဗိုလ်ပါကို၊ ကောင်းရာကယ်တင်၊အစဉ်ကြင်နာ၊ ကရုဏာရှိတော်မူထသော၊နာထော၊လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့၊ ခါခါမပြတ်၊တောင့်တအပ်သော၊ မြတ်စွာဘုရားသည်။ ယဟိံ ၊အကြင်ကလျာဏီ၊တည်မည်ရိပ်ဝါ၊ ဆိပ်ကမ်းသာ၌၊ သမာပဇ္ဇိ၊နောင်အနာဂတ်၊တာရှည်မြတ်အောင်၊ သမာပတ်ဝင်စားတော်မူလေပြီ။ တံစေတိယံ၊ထိုမြတ်စွာဘုရား၊သမာပတ်ဝင်စားတော် မူရာ၊ ကလျာဏီမြတ်စေတီကို၊ အဟံ၊ရုပ်နာမ်နှစ်ဖြာ၊ငါးခန္ဓာသည်။ ၀န္ဒာမိ၊ဆယ်ချောင်းအညီ အဉ္စလီကို၊ဖြန့်ချီစုံမိုး၊တည်ငါးမျိုးဖြင့်၊ မြတ်နိုးစေတနာ၊ ရှိခိုးပါ၏ဘုရား။