တူအီးဘူကမေဲ;ခြိုးဒဲ;လိုည်းကတာည်းကော,ခလိုး

Tuesday, January 4, 2011

၎.၁.၂၀၁၁ မြန်မာ့လွတ်လပ်ရေးနေ့ ဂုဏ်ပြု ဒဿနများ

၁။ လွတ်လပ်ရေးဆိုတာ လုပ်ချင်သလိုလုပ်နိုင်ရန်မဟုတ်ဘဲ လုပ်သင့်သလို လုပ်နိုင်ရန်သာဖြစ်သည်
၂။ လွတ်လပ်ရေးရဲ့မီးနင်းကို{liberation from oppression}လို့ ဖွင့်ဆိုနိုင်ပါတယ်။
၃။ လွတ်လပ်ရေးကို အသုံးချတတ်လျှင် ဘ၀ရဲ့အထွတ်ထိပ်ရောက်နိုင်သလို အသုံးမချတတ်လျှင်တော့ အနိမ့်ဆုံးအဆင့်ကို ရောက်သွားနိုင်တယ်။
၎။ လွတ်လပ်ရေးဒါနပြုလျှင် လွတ်လပ်ရေးအကျိုး ရရှိခံစားနိုင်ပါလိမ့်မည်။
၅။ လွတ်လပ်ရေးရဲ့အနက်ကိုမသိသောသူသည် လွတ်လပ်ရေးနှင့်လုံးဝမထိုက်တန်ပါ။
၆။ များသောအားဖြင့် လူတို့သည် လွတ်လပ်ရေးကို ကောင်းစွာ အသုံးမချကြချေ။
၇။ လွတ်လွတ်လပ်လပ် တွေးခေါ် ပြောဆို ပြုမူနိုင်တယ် သို့သော် သူတပါးတို့ကို ထိခိုက်ပျက်စီးစေမယ်ဆိုရင်
လွတ်လပ်ရေးကို ဖျက်စီးရာရောက်တယ်။
၈။ များသောအားဖြင့် တစ်စုံတစ်ခုကို လူတို့သည် မရသေးခင်သာ မက်မောတမ်းတကြတယ် ရပြီးလျှင်
အရေးမထားကြတော့ပါ ထိုကြောင့်…?
၉။ ဘယ်အရာမဆို ကိုယ်နဲ့မထိုက်သေးလျှင် ကိုယ်မရနိုင်သေးပါ ကိုယ်ရချင်လျှင် ကိုယ်နဲ့ထိုက်တန်အောင်
အရင်လုပ်ရမည်၊ ဥပမာ သူဌေးသမီး လိုချင်ယင် ကိုယ်သူဌေးဖြစ်အောင် အရင်လုပ်ရသလိုပါဘဲ။
၁၀။ လွတ်လပ်မှုကို လူမှလိုချင်တာမဟုတ်ပါ သက်ရှိ သက်မဲ့အားလုံး လိုချင်တယ်။
၁၁။ သက်ရှိသက်မဲ့ သတ္တ၀ါအားလုံး လွတ်လပ်စွာ နေနိုင်ကြပါစေ။
၎.၁.၂၀၁၁

No comments:

Post a Comment