တူအီးဘူကမေဲ;ခြိုးဒဲ;လိုည်းကတာည်းကော,ခလိုး

Saturday, January 1, 2011

သမန္တကူဋ ခြေတော်ရာတောင်

သီရိလင်္ကာနိုင်ငံသို့ မြတ်စွာဘုရားရှင် တတိယအကြိမ်ကြွစဉ် သုမနနတ်မင်း၏ တောင်းပန်ချက် အရ ၀ဲဘက်ခြေတော်ရာ ချတော်မူခဲ့ရာတောင်မှာ သမန္တကူဋ တောင်ဖြစ် သည်။ တောင်ခြေ၌ ဘုရားရှင် နေ့သန့်ခဲ့ရာ “ဒိဝါ၀ုဟာ” လိုဏ်ဂူတော်စေတီ လည်းရှိ၏။ ကိုလံဘိုမှ (၁၃၆)မိုင်ဝေးသည်။ ထိုတောင်သည် ပေပေါင်း (၇၆၃၀)မြင့်၏။ စေတီယပါဒတောင်ကို နေမင်း ဦးသုံးကြိမ် ဦးတိုက်သည်ဟု ဆိုကြ၏။
နေလုံးကြီးထွက်ပြုမလာမီ အရှေ့လောကဓါတ်၌ ညိုနီ ခရမ်းသက်တန့် ရောင်များ ယှက်သန်းလာပြီးလျှင် လျှပ်စစ်ရောင် ကြားမှရုတ်တရက် ထွက်လာသော နေမင်းကို ဘဲဥသဏ္ဍာန်မျှသာ မြင်ရပြီး ၁၅မိနစ်ခန့် ပျောက်ချည် ပေါ်ချည်ဖြစ်နေ၏။ ချာချာလည်နေသည် ဟုလည်းထင်ရသည်။ ထိုနည်းဖြင့်

ငုပ်ချည် ပေါ်ချည်လုပ်ပြီးမှ ထင်ထင်ရှားရှား ထွက်ပေါ်လာသည် ကို မြင်ကြရသဖြင့် ဦးသုံးကြိမ် ချာချာလည် ရှိခိုးပြီးမှ ထွက်လာသည်ဟု ဆိုကြသည်။
ထိုစေတီယပါဒ တောင်သို့ ရောက်သူတိုင်း အံ့သြရသည်မှာ ရှိသေး၏။ စေတီယပါဒတော်ကြီး၏ အနောက်ဘက်တွင် တောင်ခြေမှစ၍ ထိုးထွက်နေ သော မှောင်ရိပ်ကြီးမှာ မိုင်ခြောက်ဆယ် ခုနှစ်ဆယ်ခန့် ရှိသည်မှာလည်း အံ့တပါးဖြစ်နေတော့သည်။ အချိန်မရွေး ထိုအရိပ်ကြီးမှာ ထိုးအတိုင်းဖြစ် နေ၏။
ပို၍ အံ့သြကောင်းသည်ကား ဗုဒ္ဓဘာသာဝင်တို့သာမက အခြား ခရစ်ယာန်၊ ဟိန္ဒူ ၊ မူစလင် ဘာသာဝင်များလည်း အုပ်စုနှင့်ချီ၍ တက်ရောက်ကြသည်။ ထိုဘာသာခြားများကလည်း “အာဒမ်၏ခြေရာ” ၊ “ရာမဘုရား၏ခြေရာ” ၊ အလာဟု၏ခြေရာ ဟုအသီးသီး ယုံကြည်ထားကြ သောကြောင့် ဖြစ်လေသည်။ ခရစ်ယာန် ဘာသာဝင်များကမူ နှစ်စဉ် ဘုရားဖူးတတ်ရာ“အာဒမ်စပိခ်-ထာဝရခြေရာ” ဟုဆိုကာ ထာဝရဘုံနှင့် မိုင်လေးဆယ်သာဝေးတော့သည်ဟု ယုံကြည်နေကြပြန်လေသည်။

No comments:

Post a Comment