တူအီးဘူကမေဲ;ခြိုးဒဲ;လိုည်းကတာည်းကော,ခလိုး

Saturday, January 8, 2011

ဒဿနမဟုတ်သောဒဿနများ

၁။ လူမိုက်လည်းဘဲ လူကောင်းဖြစ်လာနိုင်ပါတယ်၊ အဲဒီလို မျှော်လင့်ချက်နဲ့ဘဲ လူမိုက်ကိုပေါင်းသင့်တာပါ၊
   အဲဒီလိုမှမျှော်လင့်လို့မရလောက်လျှင် စောစီးစွာဘဲ လမ်းခွဲတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
၂။ သင်ဘယ်သူလဲဆိုတာ အထူးပြောပြဘို့ မလိုပါ ဘာကြောင့်လဲဆိုတော့ သင်အပြောဆို အမူအရာတွေက
   ဖော်ပြပြီးသားဖြစ်နေလို့ပါ။
၃။ ကံတရားကိုမယုံကြည်လျှင် စိတ်ဆင်းရဲရပါလိမ့်မယ်၊ ဒါပေမဲ့ ကံတရားယုံကြည်လွန်းပြီး ဘာမှမလုပ်ဘဲ ကံစီမံတဲ့အတိုင်းဘဲစောင့်နေယင်တော့ စိတ်ရောကိုယ်ပါ ဆင်းရဲရမှာ သေချာပါတယ်။
၎။ ငါတို့အားလုံးဟာ တစ်နေ့ကျရင် သေရမှာသေချာတယ်၊ ဒါကြောင့်မသေခင် ဘ၀ရဲ့ပန်းတိုင်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားနိုင်ဘို့တော့ကောင်းပါတယ်၊ အဲဒီလိုမှမဟုတ်လျှင် မရဏမင်းလာခေါ်မှဘဲ နောင်တကြီးစွာနဲ့ မရဏမင်းနောက် လိုက်သွားရမည်ဆိုယင် မရဏမင်းကို အားနာဘို့ကောင်းလွန်းပါတယ်။
၅။ မြင့်မားတဲ့ စိတ်ဓာတ်ဟာ အရာအားလုံးကိုဖြစ်စေ၊ ပုဂ္ဂိုလ်အားလုံးကိုဖြစ်စေ ကောင်းမွန်စွာ ရင်ဆိုင်ပါတယ်။

No comments:

Post a Comment